ကျွန်ုပ် နှင့် မြန်မာ့ ပညာရေး

Blog  ကို လာလည်တဲ့ အကိုတွေကတော့ Theme ခဏခဏ ပြောင်းလွန်းလို့ ဆဲချေတော့မယ် ။ လူ့ အလို နတ်မလိုက်နိုင်ဆိုသလို ဟိုဟာလေး မကြိုက် ဒီဟာလေး မကြိုက်နဲ့ ကောင်းနိုးရာရာ ပြောင်းကြည့်နေတာ ။ သို့ပေသိ ကျွန်တော်လိုချင်တဲ့ ပုံစံကလည်း သိပ် အဆန်းကြီးမဟုတ်ဘူးရယ် ။ ဖောင့်ဆိုဒ်ကြီးကြီး နဲ့  ရိုးရိုးရှင်းရှင်း Child Theme ရယ် . ဒါဆိုလည်း Self-Host မှာ ကွကိုယ် Theme ရေးပြီး တင်ပါ့လားဆိုတော့လည်း မဟုတ်ပြန်ဘူး ။ Personal Blog ကို ဘာကြောင့်ရယ်မှန်းမသိ Self-Host မှာ မတင်လိုဘူး ။ ဒါပေမယ့် နောက်လတော့ ပြောင်းဖို့ ရှိတယ် 😀

ကျောင်းတွေမပိတ်ခင်ကတည်းက Computer တက္ကသိုလ် COE က ကလေးတချို့ကို ခေါ်ပြီး စာသင်ပေးတယ်ရယ်တော့မဟုတ်ဘူး ။ လက်တွေ့ Project လုပ်ရင် ဖြစ်တာလေးတွေနဲ့ပတ်သတ်ပြီး ခေါ်ခေါ် လုပ်ပေးဖြစ်တယ် ။ ဥပမာ . Web Project ဆို IA လိုဟာမျိုးပေါ့ ။ Client နဲ့ တွေ့ရင် ဘယ်လို စကားပြောရတယ် ။ Client တွေအကြောင်း ပေါ့ ။ သူတို့ တော်တော်လေး စိတ်ဝင်စားကြတယ် ။ သူတို့ကို သင်ရင်း ကိုယ်လည်း အတော်လေး ပညာရတယ် ။

ဥပမာ ကလေး တစ်ယောက်ကို ” Web Project တွေကို ဘာနဲ့ ရေးလဲဆိုရင် notepad နဲ့ ” တဲ့ ။ “ဟင် Notepad ကြီးနဲ့ရေးတာလား” လို့ လည်း မေးလိုက်ရော ။ တခြားဘေးက ကလေးတစ်ယောက်က ” ဟုတ်တယ် အကိုကြီး ( ကျွန်တော့်ကို အကိုကြီးလို့ ခေါ်ကြပါတယ် 😦 ) Microsoft Word နဲ့ ရေးရင်ပို အဆင်ပြေမှာနော့ ” ဆိုတဲ့ မှတ်သားစရာတွေလည်း ကြားရတယ် 😀 

အဲ့ထက်ပိုဆိုးတာတွေလည်းရှိတယ် ။ Web Layout မှာ span tag နဲ့ပတ်သတ်ရင် ဘာမှမသိဘူး ။ ဆရာမ က မလိုဘူးဆိုပြီး ကျော်ခိုင်းလိုက်လို့တို့  Programming ဆိုလည်း ဆရာမက စာသင်ခန်းမှာ Error တက်လို့ အဲ့ဒါကျော်လို့ ဆိုလို့ ကျော်ပစ်ခဲ့လို့ မသိဘူးဆိုတာမျိုးတွေလည်း တွေ့ရတယ် 😀

ပြောချင်တာက အဲ့ဒါမဟုတ်ဘူး ။ ကလေးတွေမှာ Computer နဲ့ပတ်သတ်ပြီး စိတ်ဝင်စားတယ် ။ IT နဲ့ပတ်သတ်ပြီး ရူးသွပ်တယ် ။ သင်ရိုးတွေကြည့်တော့လည်း အတော်ကောင်းပါတယ် ။ ( အခု ဖတ်ပြီးတဲ့ နှစ်အုပ် ။ OOP in C++ ( Robert Lafore ) ရယ် HTML5 စာအုပ်ရယ်ဆိုရင် Beginner တွေအတွက် အလွန်သင့်တော်သလို အလွန်လည်း အဆင်ပြေတယ် ။ ) ဒါဆိုရင် ပြဿနာက ဘာလဲဆိုတော့ သင်ကြားရေး ဆိုတာဖြစ်နေတယ် 😦

သင်ကြားရေးဆိုတဲ့ နေရာမှာ ဆရာ ဆရာမတွေကိုလည်း ၁၀၀ ရာခိုင်နှုန်း အပြစ်ပုံမချချင်ဘူး ။ ဒါပေမယ့် ဆရာ ဆရာမတွေအပေါ်မှာလည်း တာဝန်ရှိပါတယ် ။ သင်ကြားပေးနေတဲ့ ဆရာ ဆရာမ တွေကကော အရည်အချင်း ပြည့်မှီရဲ့လား? ဆိုတာတွေရှိပါတယ် ။ တကယ်တော်ပြီး အရည်အချင်း ပြည့်ဝတဲ့ ဆရာ ဆရာမတွေရှိပါတယ် ။ ဒါပေမယ့် အဲ့သလို မဟုတ်တဲ့ ဆရာ ဆရာမတွေလည်း တပုံကြီးပဲ

ဟိုတလောက ဦး Calm Hill လာတော့ ဦး Calm Hill ကို သူ့  အလုပ်နဲ့ပတ်သတ်ပြီး စပ်စုကြည့်မိတယ် ။ သူ့ အလုပ်က Education Science ဖက်က Company တစ်ခုရဲ့  IT ပိုင်းတာဝန်ရှိသူပေါ့ ။ သူ့  Company က ဘာတွေ လုပ်လဲဆိုတော့ ကျောင်းသားတွေ ကျောင်းစာကို စိတ်ဝင်စားလာအောင် လုပ်ပေးတဲ့ Software တွေ ထုတ်တာ ။

ဥပမာ . Velocity , Acceleration ဆိုပါစို့ ။ ကျွန်တော်တို့ ဆီမှာ Velocity is defined as ဘာညာသာရကာ လို့ကျက်နေရချိန်မှာသူတို့ ဆီမှာ software သုံးပြီး သင်နေရပြီ ။ ဘယ်လိုသင်လဲဆိုတော့ အဲ့ဒီ့ Software မှာ ကားလေး တစ်စီးပါမယ် ။ Mouse နဲ့ တစ်ဖက်ကိုရွှေ့ရင် ကား သွားတယ် ။ Mouse ကို မြန်မြန် ရွှေ့ရင် ကားမြန်မြန်သွားမယ် ။ အဲ့ဒီ့အောက်မှာ Velocity နှုန်း နဲ့  Acceleration နှုန်းကို ပြတယ် ။ မြန်မြန်ရွှေ့ရင် Acceleration တက်တယ် ပေါ့ ။ အဲ့ဒါဆို ကလေးက စိတ်ဝင်စားလာမယ် ။ မြင်လည်း မြင်လွယ်မယ် ။ သဘောလည်း ပေါက်မယ် ။ ပညာသင်ကြားရတာလည်း ပျော်လာမယ် ။

ကျွန်တော့် အမြင်ရ ကျွန်တော်တို့ နိုင်ငံမှာ လိုနေတာ အဲ့ဒါပဲ ။ ကျောင်းသားတော်တော်များများဟာ ပညာသင်ကြားရခြင်းကို နှစ်လို့ ခြင်း မရှိဘူး ။ အခု ကျောင်းတွေမှာ တော်ပေ့ အဆင့် တစ်ဆိုတဲ့ကျောင်းသားတွေဟာ တာဝန်တစ်ခုအရ လုပ်နေတာလို့ မြင်တယ် ။ တချို့ ကတော့ ဟုတ်ချင်မှ ဟုတ်မှာပါ 😀

ဒီနေ့ တော့ စာနည်းနည်း ရှည်သွားတယ် ။ နက်ဖန် မှ ဆက်ဦးမယ် ။ 😀

About Kaung Khant Min Tun

Core member of Ubuntu Myanmar LoCo Team and a myanmar Hacktivist who works as a junior web developer and Software Engineer.I love writing , coding and online learning.

2 responses to “ကျွန်ုပ် နှင့် မြန်မာ့ ပညာရေး

  1. ပြဿနာက မူကြိုကနေ ဆယ်တန်းအထိက စဉ်းစားဆင်ခြင်တတ်အောင် သိချင်တာကို လေ့လာတတ်အောင် အလေ့အကျင့်မှ လုပ်ပေးထားတဲ့ဟာ အလွတ်ကျက်လာတာနဲ့ စာမေးပွဲ ဖြေတတ်အောင်ပဲ သင်လာတာ အဲဒါတွေကအဓိက သင်အထောက်ကူပစ္စည်း ချို့တဲ့တာက နောက်ပိုင်းမှကိစ္စပါ ဗလာစာအုပ်နဲ့သင်သင် ကွန်ပျူတာနဲ့သင်သင် အရမ်းကွာတယ်တော့ မဟုတ်ကြပါဘူး။ တက္ကသိုလ်ရောက်တော့ ကိုယ့်အားကိုကိုးဆိုပြီး ခိုင်းတာတော့ ခိုင်းရမှာပေါ့လေ မဟုတ်ရင်ဘယ်တော့မှ သုံးစားလို့ရတော့မှာမှမဟုတ်တာ ဒါပေမယ့်ဘယ်လိုမှ ခိုင်းမရတော့လည်း အပြစ်တင်ရလည်းခက်တယ် ၁၂ နှစ်လောက် ခေါက်ရိုးကျိုးပြီးသား ပြင်မရတာလည်း အပြစ်ရယ်လည်းမဟုတ်ပြန်ဘူး။

Leave a reply to Calm Hill Cancel reply