ကျွန်ုပ် နှင့် မြန်မာ့ ပညာရေး

Blog  ကို လာလည်တဲ့ အကိုတွေကတော့ Theme ခဏခဏ ပြောင်းလွန်းလို့ ဆဲချေတော့မယ် ။ လူ့ အလို နတ်မလိုက်နိုင်ဆိုသလို ဟိုဟာလေး မကြိုက် ဒီဟာလေး မကြိုက်နဲ့ ကောင်းနိုးရာရာ ပြောင်းကြည့်နေတာ ။ သို့ပေသိ ကျွန်တော်လိုချင်တဲ့ ပုံစံကလည်း သိပ် အဆန်းကြီးမဟုတ်ဘူးရယ် ။ ဖောင့်ဆိုဒ်ကြီးကြီး နဲ့  ရိုးရိုးရှင်းရှင်း Child Theme ရယ် . ဒါဆိုလည်း Self-Host မှာ ကွကိုယ် Theme ရေးပြီး တင်ပါ့လားဆိုတော့လည်း မဟုတ်ပြန်ဘူး ။ Personal Blog ကို ဘာကြောင့်ရယ်မှန်းမသိ Self-Host မှာ မတင်လိုဘူး ။ ဒါပေမယ့် နောက်လတော့ ပြောင်းဖို့ ရှိတယ် 😀

ကျောင်းတွေမပိတ်ခင်ကတည်းက Computer တက္ကသိုလ် COE က ကလေးတချို့ကို ခေါ်ပြီး စာသင်ပေးတယ်ရယ်တော့မဟုတ်ဘူး ။ လက်တွေ့ Project လုပ်ရင် ဖြစ်တာလေးတွေနဲ့ပတ်သတ်ပြီး ခေါ်ခေါ် လုပ်ပေးဖြစ်တယ် ။ ဥပမာ . Web Project ဆို IA လိုဟာမျိုးပေါ့ ။ Client နဲ့ တွေ့ရင် ဘယ်လို စကားပြောရတယ် ။ Client တွေအကြောင်း ပေါ့ ။ သူတို့ တော်တော်လေး စိတ်ဝင်စားကြတယ် ။ သူတို့ကို သင်ရင်း ကိုယ်လည်း အတော်လေး ပညာရတယ် ။

ဥပမာ ကလေး တစ်ယောက်ကို ” Web Project တွေကို ဘာနဲ့ ရေးလဲဆိုရင် notepad နဲ့ ” တဲ့ ။ “ဟင် Notepad ကြီးနဲ့ရေးတာလား” လို့ လည်း မေးလိုက်ရော ။ တခြားဘေးက ကလေးတစ်ယောက်က ” ဟုတ်တယ် အကိုကြီး ( ကျွန်တော့်ကို အကိုကြီးလို့ ခေါ်ကြပါတယ် 😦 ) Microsoft Word နဲ့ ရေးရင်ပို အဆင်ပြေမှာနော့ ” ဆိုတဲ့ မှတ်သားစရာတွေလည်း ကြားရတယ် 😀  Continue reading

ကျွန်ုပ် နှင့် အင်တာနက်

ဒီလတော့ အင်တာနက်ဘီလ် သွားမဆောင်လို့ အင်တာနက်အဖြတ်ခံလိုက်ရတယ် ။ ပုံမှန် အားဖြင့်တော့ အခွန်မဆောင်လို့ ဖြတ်တာ ထွေထွေထူးထူး မဟုတ်ဘူး ။ ( အခုလည်း ထွေထွေ ထူးထူး မဟုတ်ပါဘူး ။ ဒါပေသိ မခံနိုင်လို့ ပေါက်ကွဲတာ ပြောရမယ် )

အစက အိမ်မှာ ဖုန်းနဲ့သုံးတယ် ။ CDMA 800 တွေ ပေါ်ခါစ ဖုန်းအင်တာနက်လိုင်းတွေ ပေးခါစကတော့ ဖုန်းနဲ့သုံးသေးတယ် ။ ကိုယ့်ဖုန်းက CDMA 800 ကိုး ။ လိုင်းက တော်တော်လည်းကောင်းတယ် ။ အဆင်လည်း ပြေတယ် ။ ဒါပေမယ့် အဆင်မပြေတာက Payment ပဲ ။ Payment ကို ဘယ်လို ဖြတ်တယ်မသိဘူး ။ တစ်မိနစ် လေးကျပ်ဆိုပေသိ နာရီဝက်လောက်သုံးရင်လည်း ငါးရာ လောက် ထွက်ချင်ထွက်သွားတယ် ။ ပုံမှန်ဆို တနာရီမှာ ၂၄၀ ကျရမှာနော် ။ အဲ နှစ်နာရီသုံးရင်လည်း ငါးရာ လောက်ဖြတ်ချင်ဖြတ်တယ် ။ အို ဖြစ်ချင်ရာဖြစ်ပစေ ။ သုံးမှာပဲ ဆိုတဲ့ စိတ်နဲ့ ကြိတ်မှိတ်ပြီးသုံးတယ် ။ တစ်သောင်းတန် ကတ်ဒ် တစ်ကဒ် ဆို သုံးရက်ပဲ ။ လိုင်းကောင်းစဉ်က အဆင်ပြေပေမယ့် နောက်ပိုင်း ဖုန်းတွေလည်းပေါလာ အင်တာနက်လိုင်းတွေကလည်း ပိန်းလာတော့ အဆင်မပြေတော့ဘူး ။ ဒါနဲ့ ပြောင်းချေမှဖြစ်မယ်ဆိုပြီး ၀င်ငွေလေး အဆင်ပြေလာတဲ့နောက် ဖိုင်ဘာ 2Mb လိုင်းလေး တပ်တယ် ။  Continue reading

အချစ်ဆိုသည်မှာ

အခုရက်ပိုင်း အချစ်ဆိုတာကို တွေးမိရင် ကိုကိုရဲ နဲ့ ကို ထွဋ်မြတ်ကိုသွားသွားသတိရတယ် 😀

Umm… ဘ၀တူတွေလိုပြောမလား ဒါမှမဟုတ် ခံစားချက်တူညီသူများလို့ ပြောမလားပဲ 😀 I know that feeling bro ဆိုတဲ့ဟာမျိုးပေါ့ 😀

ခုတလောဖြစ်နေတာက  ကို ထွဋ်မြတ်ပြောသလို အချစ်မခံနိုင်တာမျိုးပဲ ။

အချစ်ခံဖို့ ဆိုတာမလွယ်ဘူးကွ ။ အချစ်ခံရပြီဆိုတာနဲ့ အရစ်ခံရမယ် ။ သူက ဟိုဟာမလုပ်နဲ့ ဆို မလုပ်ရဘူး ဟိုဒင်းမကြိုက်ဖူးဆို မလုပ်ရဘူးဆိုတာမျိုးတွေပါလာပြီ ။ ကိုယ်တွေက အဲ့ဒါမျိုး အချစ်မခံနိုင်တာတဲ့ 

မှတ်သားထိုက်တဲ့ စကားကြီးပါ :S

ကိုကိုရဲကကျ တစ်မျိုး သူ့ မိန်းမက သူ့ရဲ့ ပထမဆုံး နဲ့နောက်ဆုံးရည်းစားတဲ့ ။ ( လူဖြစ်ရှုံးချက်ဗျာ ) ချီးကျူးရမလား ချီးမကျူးရဘူးလားတောင်မသိတတ်တော့ဘူး ။ အာ့တာမျိုးကျတော့ .

သူ မိန်းမယူဖြစ်တဲ့ အိုင်ဒီယာကလည်း ခပ်ဆန်းဆန်းရယ် ။

မိန်းမ မြန်မြန်ယူလိုက်တော့ အလုပ်တစ်ခုလုပ်ပြီးတာပေါ့ ။ နောက် ဇာတ်လမ်းတွေ ရှုပ်မလာတော့တာပေါ့တဲ့ ။  Continue reading

ဂူအောင်းသိုင်းသမား ကျွန်ုပ်

ကျောင်းပိတ်တော့ ဂူတွင်းအောင်းပြီး သိုင်းကျင့်ဖြစ်နေတယ် 😀 တစ်နေကုန် တစ်နေခမ်း ကွန်ပျုတာ ရှေ့ မှာ ထမင်းမေ့ ဟင်း မေ့ ထင်ရာစိုင်းနေတယ် ။

ရုံးအလုပ်တွေ လုပ်လိုက် ဂိမ်းလေးဆော့လိုက် ဂိမ်းလေးရေးလိုက်နဲ့  ဘ၀က သာယာနေတယ် ။ အဲ့ဒါလည်း နှစ်ရက်မခံပါဘူး ။ ဟိုနားက ကိုက်သလို ဒီနားက ညောင်းသလို ဖြစ်လာပြီ ။ တော်ရုံတန်ရုံကတော့ ပေနေသေးတယ် ။ ခုဟာက တော်တော်ဆိုးနေပြီ ။ ဇာတ်ကြောတက်တယ် ။ ခါးနာတယ် ။ မျက်ရိုးကိုက်တယ် :3

အားကစားပြန်လုပ်မလား စဉ်းစားမိတယ် ။ ငယ်ငယ်ကတည်းက လုပ်လာတဲ့ အားကစားကိုပဲ ပြန်လုပ်မလား? ဒါမှမဟုတ် Gym ပြန်ဆော့မလား ?
မေမေကတော့ Gym ဆော့တာလည်း ကြည့်ဆော့တဲ့ အာတာလွတ် မြို့ စားကြီးဖြစ်နေမယ် တဲ့ ။ သမိန်ပေါသွပ်ထဲက ဇာတ်ကောင် အာတာလွတ် မြို့ စားကြီးကိုပြောချင်တာပါ ။ အပေါ်ပိုင်း ကားပြီး အောက်ပိုင်း ရှူးသွားတဲ့ ခန္ဒာကိုယ်ရှိတတ်တဲ့ အလေးမ အားကစားသမားတွေကို ခိုင်းနှိုင်းတာ 😀 သူ့ ကျ မှ ကြံကြံဖန်ဖန် 😀

( အာတာလွတ်မြို့ စားကြီးပုံတင်မလို့ရှာတာ မတွေ့ ဖူးဗျာ ) :S

မေမေ အကြံပေးတာကတော့ မနက်စောစောထ မန္တလေးတောင် တက် ဟိုမှ နည်းနည်းပါးပါး လှုပ်ရှားခဲ့ ပေါ့ ။ ငယ်ငယ်က ရဖူးတဲ့ ဒဏ်ရာတစ်ခုကြောင့် တိုက်ခိုက်ရေး အားကစားနည်းတွေလည်း သိပ်ကစားစေလိုတော့တဲ့ဟန်မတူဘူး ပြီးတော့ ကွန်ပျုတာရှေ့ထိုင်တာလည်း နည်းနည်းပါးပါးလျှော့ဦး တဲ့ ဟုတ်တယ် လျှော့မှ ဖြစ်မယ် အချိန်လေးနဲ့ ပိုင်းခြားမှ ဖြစ်မယ် ။ တစ်ရက် တစ်ရက် မဟုတ်ဘူး ။ တစ်လ နှစ်လ မဟုတ်ဘူး ။ ရေရှည်ဆို ထိခိုက်နေမယ် ။ သေသေချာချာ အချိန်လေးနဲ့လည်း လုပ် ။ အားကစားလေးလည်း တစ်ခုခုလုပ်မှဖြစ်မယ် ။ အင်းးးးး ဘာ အားကစားလုပ်ရင် ကောင်းမလဲ?? O.o ကို ထွဋ်မြတ်ပြောဖူးသလို လှေကား အတက်အဆင်းပဲ တစ်နေ့ ငါးခေါက်လောက် လုပ်ရင်ကောင်းမလား 😀

ဘာပဲဖြစ်ဖြစ် အရာအားလုံးမှာ သင့်ရုံသာ ကောင်းသည်…. 😀

Multimedia Fusion 2

What is Multimedia Fusion 2 ?

Multimedia Fustion 2

လွယ်လွယ် ကူကူပြောရရင်တော့ Game ရေးတဲ့ Software ပေါ့ ။ Programming Knowledge တစ်ခု မှ မလိုပဲ Game  ရေးလို့ရမယ့် Software ပေါ့ ။ ( ကျွန်တော့် အမြင်မှာတော့ Programming Knowledge ရှိရင် ပိုပြီး လေ့လာရ လွယ်ကူမယ်လို့ထင်တာပဲ )

သူ့မှာ Game တွေကို .exe အဖြစ်ပဲ export လုပ်နိုင်တာ မဟုတ်ပဲ Android Platform အတွက်ကော IOS အတွက်ပါ export လုပ်နိုင်ပါတယ် ။

Demo Version မှာတော့ export လုပ်နိုင်မယ့် Function ပါဝင်မှာမဟုတ်ပါဘူး 🙂

ကျွနု်ပ် နှင့် Multimedia Fusion 2

ကျွန်တော့်အတွက်ကတော့ ပထမဆုံး သုံးဖူးတဲ့ Game Create လုပ်တဲ့ Software ဖြစ် တဲ့အတွက် Multimedia Fusion က ပိုကောင်းတယ် ပိုမကောင်းဘူး လို့ မပြောနိုင်ဘူး ဒါပေမယ့် Game Development ပိုင်းမှာလည်း လုံးဝ အသစ်ဖြစ်နေတဲ့လူ တစ်ယောက်အတွက်တော့ သင့်တော်တယ် ။ Programming Knowledge မလိုလို့ သင့်တော်တာမဟုတ်ဘူး ။ Game Logic တွေကို သိနိုင်တဲ့အတွက် သင့်တော်တယ်လို့ ပြောချင်တာ ။ ဥပမာ ။
Space Bar နှစ်ချက် ပုတ်ရင် ခုန်တာပိုမြင့်ချင်တယ်ဆိုပါစို့ ဒါဆို ရေးတဲ့ဖက်မှာ Button Repeat လုပ်ရင် Gravity လျှော့ပါဆိုပြီး ရေးပေးလိုက်ရတယ်။ Gravity လျော့သွားတော့ အမြင့်ပိုရောက်သွားတာပေါ့ ။ ဒါမျိုးတွေ ကို ပြောချင်တာ ကျွန်တော့်အမြင်အရတော့ Begineer တွေ အတွက် လုံးဝ သင့်တော်တယ် ။ Continue reading